ဆော့ဖ်ဝဲလေးသုံးပြီးကျွန်တော်တို့ window ကို USB stickလေးထဲပြောင်းထည့်ပြီးသိမ်းထားရအောင်လားဗျာ။ window ကိုခွေအတိုင်းထားမယ်ဆိုရင်တော့ခွေထစ်သွားရင် window တင်လို့မရတဲ့အတွက် အသစ်ဝယ်ကြ ရမှာပါ။ USB လေးထဲထည့်ထားမယ်ဆိုရင်တော့ ဘယ်အချိန်ပဲဖြစ်ဖြစ် USB လေးနဲ့ အလွယ်တကူ window တင်နိုင်မှာဖြစ်ပါတယ်။ ပထမဆုံးကျွန်တော်တင်ပေးထားတဲ့ win to flash ကို ဒေါင်းလိုက်ပါ။ပြီးရင်စက်ထဲကို install လုပ်ပါမယ် ခင်ဗျာ။ဒါကတော့ install လုပ်ရင်အောက်ကပုံလေး အတိုင်းစတွေ့ရမှာပါ။
ပြီးရင်တော့အောက်ကပုံလေးအတိုင်းတွေ့ရမှာပါခင်ဗျာ။
next button ကလေးတွေကိုပဲနှိပ်ပြီးသွားလိုက်ပါ။ အောက်ကအဆင့်ကိုရောက်သွားပါလိမ့်မယ်။
ီ
ဒီအဆင့်ကိုရောက်ပြီဆိုရင်တော့ အပေါ်ကလိုင်းမှာ မိမိတို့ထည့်မယ့် window ရှိမည့်နေရာကိုရွေးပေးပါ။
အောက်ကလိုင်းမှာတော့မိမိတို့ USB stick လေးကိုရွေးပေးပါခင်ဗျာ။ပြီးရင် RUN ကို နှိပ်လိုက်ပါ။အောက်က ပုံလေး အတိုင်း transfer လုပ်နေပါလိမ့်မယ်။ နည်းနည်းတော့စောင့်ရပါတယ်။
ဒီကောင်လေးပြည့်သွားရင်တော့မိမိတို့ USB stick လေးထဲကို window ရောက်သွားပါပြီခင်ဗျာ။ USB stick memory ကတော့မိမိတို့ထည့်မည့် window memory အလိုက်ရွေးဝယ်လိုက်ပါခင်ဗျာ။win to flash လေး ကိုတော့အောက်မှာဒေါင်းသွားလိုက်နော်။
No comments:
Post a Comment